ဓမ္မပန်းတိုင်နေ့

အောင်တော်မူနေ့

၁၉၆၉ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ချိုင်ရာဘွန်စုတိဖွန်သည် ဘန်ကောက်မြို့ရှိ ဝပ်ပါနမ်ဘာစီချရွန်းကျောင်းတိုက်တွင် ရဟန်းဝတ်ခဲ့သည်။ ဘွဲ့တော်မှာ “ဓမ္မဇယော” ဖြစ်၍ အဓိပ္ပါယ်မှာ “တရားတော်ကို အောင်တော်မူခြင်း” ဟူ၍ ဖြစ်၏။ သူသည် ကမ္ဘာလောကကြီးအား ဓမ္မသုခချမ်းသာအစစ်ကို လမ်းညွှန်ပြသရန်, ဗုဒ္ဓသာသနာအတွက် ဘဝတစ်ခုလုံးကို ပေးဆပ်ရန် ဆုံးဖြတ်ချက် ခိုင်မာစွာချ၍ အောက်ပါအတိုင်း သစ္စာပြုတိုင်တည်လေသည်။

“ကျောက်ဖြာကျောက်ဆောင်မှာ စောင့်ရှောက်ကုန်သော နတ်ဒေဝါအပေါင်းတို့ ….

သင်တို့ကို သက်သေပြု၍ ရဟန္တာတို့၏ အထွဋ်အမြတ်ဖြစ်သော သင်္ကန်းကို ဝတ်ရုံထားသော အကျွန်ုပ် ကြွေးကြော်ပါရစေ။ အကျွန်ုပ်သည် နိုင်ထက်စီးနင်းမှုမရှိသော ဤတရားဓမ္မတို့ကို ကျွန်ုပ်၏ ဤနှလုံးသားတွင်း၌ အောင်လံစိုက်ထူပါ၏။ မင်္ဂလာအပေါင်းတို့၏ အထွဋ်အထိပ်အဖြစ် နတ်ကောင်းနတ်မြတ် စောင့်ရှောက်သော မြေကဲ့သို့ မြတ်စွာဘုရား၏ သာသနာတော်အတွက် အသက်ကို ရည်စူးပူဇော်ပါ၏။ ဆင်းရဲ့ဒုက္ခတို့မှ ကင်းလွတ်ရန် တရားဓမ္မတို့ဖြင့် သတ္တဝါတို့ကို ကယ်ချွတ်ပါမည်။ သတ္တဝါအပေါင်းတို့ကို ကယ်ချွတ်ပြီးမှသာ နိဗ္ဗာန်သို့ နောက်ဆုံးပန်းဝင်သောသူ ဖြစ်ရပါလို၏။ သတ္တဝါအပေါင်း ငြိမ်းချမ်းကြပါစေ။”

ဆရာတော်ဓမ္မဇယော

သာသနာ့ဘောင်သို့ မဝင်ရောက်မီ (ရဟန်းမပြုမီ)

ချိုင်ရာဘွန်စုတိဖွန် အမည်ရှိသော ဆရာတော်(လုံဖော့)ဓမ္မဇယောသည် ငယ်စဥ်ကလေးဘဝကတည်းက ဓမ္မစာပေများကို ဖတ်ရှုခြင်း၌ ဝါသနာအထုံပါသူ ဖြစ်သည်။ တစ်နေ့တွင် ဝပ်ပါနာမ်ကျောင်းတိုက်ဆရာတော် ဦးမွန်ခွန်ထေရ်မုနိ (ဆုဒ်- ကျန်ဒစဒို) ရေးသားထားသည့် ဓမ္မကာယအမည်ရှိသော စာအုပ်တစ်အုပ်ကို ဖတ်ခဲ့ရသည်။ ဗုဒ္ဓနည်းလမ်းကျ ကိုယ်တိုင် သိမြင်နားလည်အောင် ကျင့်ကြံအားထုတ်ရန်နှင့် ဝပ်ပါနမ်ကျောင်းတိုက်သည် ဗုဒ္ဓနည်းလမ်းကျ လေ့လာသင်ယူ, ကျင့်ကြံအားထုတ်နိုင်သော ကျောင်းတိုက်ဖြစ်ကြောင်း ရေးသားထားသည်။ ထိုစာအုပ်ကို ဖတ်ပြီးနောက်, ဆရာတော် ဦးမွန်ခွန်ထေရ်မုနိ (ဆုဒ်- ကျန်ဒစဒို)၏ ဝပ်ပါနမ်ကျောင်းတိုက်သို့သွားကာ တရားဓမ္မများကို လေ့လာအားထုတ်လိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့သည်။ သူသည် ဝိပဿနာဓမ္မမဂ္ဂဇင်း (Vipassana Banteungsarn) ၏ နောက်ပိုင်းတွင် ခွန်ယိုင်အာဂျန်အကြောင်း ဖော်ပြထားသည်ကို တွေ့လိုက်ရသည်။ ခွန်ယိုင်ချန် (ဖွားဖွားသီလရှင်ဆရာကြီး)သည် ဦးမွန်ခွန်ထေရ်မုနိထံတွင် ဝိဇ္ဇာဓမ္မကာယကို လေ့လာဆည်းပူးနေသော ထူးချွန်သော တပည့်သီလရှင်ဆရာလေး ဖြစ်ကြောင်းကို ဖတ်လိုက်ရပြီးနောက် အလယ်တန်းကျောင်းသားလေး ချိုင်ရာဘွန်စုတိဖွန်သည် ခွန်ယိုင်ချန် (ဖွားဖွားသီလရှင်ဆရာကြီး)ထံတွင် တရားဓမ္မများကို လေ့လာဆည်းပူးရန် ဆုံးဖြတ်ချက်ချခဲ့သည်။

တရားထိုင်ခြင်း၏ အကျိုးတရားများကို နားလည်သော တက္ကသိုလ်ကျောင်းသားငယ်လေး ချိုင်ရာဘွန်စုတိဖွန်သည် နှစ်အနည်းငယ်ကြာသည့်အခါ တရားဓမ္မများကို လေ့လာအားထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ တက္ကသိုလ်မှ သူငယ်ချင်းများကိုလည်း ဖိတ်ခေါ်ကာ တရားအားထုတ်လိုသော ကျောင်းသားအဖွဲ့ကို ဖွဲ့ခဲ့သည်။ အဖွဲ့ဝင်တို့၏ ဘဝတွေ တိုးတက်ပြောင်းလဲလာသည့်အခါ သူသည် သူလျှောက်လှမ်းနေသည့် လမ်းအပေါ်  ပိုမိုယုံကြည်လာခဲ့သည်။

ကြီးမားသော ဆန္ဒရည်မှန်းချက်

ချိုင်ရာဘွန်သည် ဇွဲလုံ့လ ထက်သန်စွာ တရားအားထုတ်ခဲ့ရာ တရားအဆင့်တိုးတက်လာခဲ့သည်။ ဖွားဖွားသီလရှင်ဆရာကြီးထံတွင် တရားအားထုတ်နေကြသော အခြားသောသူတို့သည်ပင် သူ၏ကြိုးစားမှုကို သတိထားမိလာခဲ့ကြသည်။ ထို့နောက် အခြားသော တရားထိုင်အဖွဲ့များတွင် သင်ကြားပြသပေးရန် ချိုင်ရာဘွန်ကို တောင်းဆိုလာကြသည်။

တရားထိုင်ခြင်းဖြင့် ရရှိလာသော သုခချမ်းသာကြောင့် တရားထိုင်ခြင်း၏ တန်ဖိုးကို နားလည်လာခဲ့သည်။ ဒုက္ခတို့မှလွတ်မြောက်ကြောင်းနှင့် သုခချမ်းသာအစစ်ကို ရရှိကြောင်းသည် တရားထိုင်းခြင်းဖြင့်သာ ရရှိနိုင်သည်ကို ကောင်းစွာ နားလည်လာခဲ့သည်။ ထို့အပြင် လူသားတစ်ဦး ဖြစ်လာရခြင်း၏ ပန်းတိုင်ကို အချိန်ကာလကြာအောင် စူးစမ်းရှာဖွေလာခဲ့ရာ တရားထိုင်ခြင်းမှ ရရှိသော သုခချမ်းသာသည်သာ အဖြေဖြစ်ကြောင်း သိရှိခဲ့သည်။ ထိုသုခချမ်းသာသည် ကမ္ဘာမြေငြိမ်းချမ်းမှုကို ဖန်တီးနိုင်သော ပျော်ရွှင်မှု သုခချမ်းသာအစစ် ဖြစ်သည်။

ဓမ္မပန်းတိုင်နေ့ , ရဟန်းဘဝသို့ ရောက်ရှိသောနေ့

ချိုင်ရာဘွန်သည် တက္ကသိုလ်တက်နေစဥ်ကတည်းကပင် ရဟန်းဝတ်လိုသော ဆန္ဒရှိခဲ့သည်။ သူလျှောက်နေသော လမ်းသည် သတ္တဝါတို့ကို ဆင်းရဲမှုမှ ကယ်တင်၍ သုခချမ်းသာခြင်းကို ပေးစွမ်းနိုင်သော လမ်းဟု ယုံကြည်ခဲ့သည်။ တက္ကသိုလ်မှ B.A ဘွဲ့ကို ရရှိခဲ့သည့် ၁၉၆၉ ခုနှစ်တွင် လောကီဘဝကို စွန့်လွှတ်ကာ မြတ်ဗုဒ္ဓ၏ လမ်းစဥ်နောက်သို့ လိုက်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး ထိုနှစ် သြဂုတ်လ၂၇ရက်နေ့ (ဝါခေါင်လပြည့်နေ့) တွင် ဝပ်ပါနမ်ဘာစီချရွန်းကျောင်းတိုက်၌ သာသနာ့ဘောင်သို့ ဝင်‌ရောက်ခဲ့သည်။ ဘွဲ့တော်မှာ “ဓမ္မဇယော” ဖြစ်၍ အဓိပ္ပါယ်မှာ “တရားတော်ကို အောင်မြင်ခြင်း” ဟူ၍ ဖြစ်သည်။

ဆရာတော်ဓမ္မဇယောသည် ဝိနည်းတရားတော်များကို သေသေချာချာ လေ့လာသင်ယူပြီးနောက် သူ၏ဆန္ဒအတိုင်း တရားအားထုတ်မှုကို နည်းလမ်းတကျ လေ့လာသင်ယူ၏။ ထို့နောက် ဝပ်ပါနမ်ကျောင်းတိုက်, တရားဟောဓမ္မာရုံသို့ တရားအားထုတ်ရန် လာရောက်ကြသော ယောဂီတို့ကို ပြန်လည်ပို့ချခဲ့သည်။ လာရောက်တရားအားထုတ်သော ယောဂီများမှာ ဓမ္မာရုံနှင့်မဆန့်အောင် များလာသောကြောင့် နေရာသစ်တစ်ခုကို ရှာဖွေရန် ဖြစ်လာခဲ့သည်။ ထို့ကြောင့် လေဒီပရာယတ် (Lady Prayad Pattayapongsavisuttatibodi) သည် ပထုံဌာနီမြို့နယ်တွင်ရှိသော သူမ၏ လယ်မြေများကို လှူဒါန်းခဲ့သည်။ ထိုနေရာကို ဗုဒ္ဓစက္ကစင်တာ (Buddhajak Meditation Center) ဟု အမည်ပေးကာ နောက်ပိုင်းတွင် ဓမ္မကာယကျောင်းတိုက် (Wat Phra Dhammakaya) ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

အတိတ်မှ ပစ္စုပ္ပန်သို့ (အိမ်မက်ကို အကောင်အထည်ဖော်ခြင်း)

ဆရာတော်ဓမ္မဇယောသည် လူသားတို့၏ နှလုံးသားထဲသို့ တရားဓမ္မများ ရောက်ရှိစေရန် အောက်ပါအချက် သုံးချက်ဖြင့် အစီအစဥ်ကို စတင်ဆွဲခဲ့သည်။

၁။ စစ်မှန်သောကျောင်း တည်ဆောက်ခြင်း

၂။ စစ်မှန်သော ရဟန်းတော်များဖြစ်အောင် သင်ကြားပေးခြင်း။

၃။ လူပုဂ္ဂိုလ်တို့ကို ကိုယ်ကျင့်သီလ ကောင်းမွန်အောင် သင်ကြားပေးခြင်း။

 

၁။ စစ်မှန်သောကျောင်း တည်ဆောက်ခြင်း

တရားဓမ္မများကို လေ့လာသင်ယူလိုသော, တရားထိုင်လိုသော လူပုဂ္ဂိုလ်များအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၇၀-ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် မာခပူဇာနေ့ (Magha Puja) တွင် ဓမ္မကာယကျောင်းတော် (Wat Phra Dhammakaya) ကို တည်ထောင်ခဲ့သည်။ တရားဓမ္မအားထုတ်ရန်လာသော ပုဂ္ဂိုလ်များအတွက် အကျင့်ကောင်းများ ရရှိစေရန်၊ သာယာအေးချမ်းဖွယ်, စိတ်အေးချမ်းဖွယ် နေရာဖြစ်စေရန် ကျောင်း၏ သန့်ရှင်းရေးနှင့် အခြားသောစည်းကမ်း များစွာကို ချမှတ်ခဲ့သည်။

ဆရာတော်ဓမ္မဇယောနှင့် ဖွားဖွားဆရာကြီးခွန်ယိုင်ချန်တို့ ဦးဆောင်လျက် သံဃာတော်များနှင့် အလှူ့ဒါယကာ ဒါယိကာမများ စုပေါင်းလုပ်ဆောင်ချက်ကြောင့် ဓမ္မကာယကျောင်းတိုက်မြေနေရာသည် “ခြောက်သွေ့သော စပါးခင်းမြေ” အဖြစ်မှ ဓမ္မစာပေများလေ့လာခြင်းနှင့် တရားထိုင်ခြင်းအတွက် သင့်လျော်သော စိမ်းလန်းစိုပြေသော မြေနေရာအဖြစ် ပြောင်းလဲခဲ့သည်။ သံဃာတော်များနှင့် အလှူ့ရှင်များ တိုးပွါးလာသည်နှင့်အမျှ နောက်ထပ် မြေဧက ၈၀၀-ကို အလှူခံရရှိခဲ့သည်။ များစွာသော ပရိတ်သတ်တို့အား နေရာချထားပေးနိုင်ရေးအတွက် စနစ်တကျ စီမံခန့်ခွဲမှုနှင့်အတူ အဆောက်အအုံများနှင့် အသုံးအဆောင် အထောက်အကူပစ္စည်းများ ထူထောင်ခဲ့သည်။

၂။ စစ်မှန်သော ရဟန်းတော်များဖြစ်အောင် သင်ကြားပေးခြင်း

ဆရာတော်ဓမ္မဇယောသည် ရဟန်း, ရှင်, လူ ပရိတ်သတ်လေးပါးတို့အတွက် ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန် လေ့ကျင့်သင်ကြားရေး အစီအစဥ်များကို ရေးဆွဲခဲ့သည်။ ထိုအစီအစဥ်များတွင် ဗုဒ္ဓဘာသာကို မကြည်ညိုသေးသောသူများ ကြည်ညိုလာစေရန် လူအများက အတုယူလေးစားရသော စံပြရဟန်းတော်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးသော လုပ်ငန်းစဥ်လည်း ပါဝင်ပါသည်။ ရဟန်းတော်များကို တရားအားထုတ်နည်းနှင့် ကိုယ်ကျင့်သီလ ကောင်းမွန်စေရန် ကျကျနန လေ့ကျင့်သင်ကြားပေးသည်။ ရဟန်းတော်များသည် သူတော်ကောင်းပုဂ္ဂိုလ်တို့ကို မွေးထုတ်ပေးခြင်း၌ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်။

၃။ လူပုဂ္ဂိုလ်တို့ကို ကိုယ်ကျင့်သီလကောင်းမွန်အောင် သင်ကြားပေးခြင်း

လူပုဂ္ဂိုလ်တို့ကို လေ့ကျင့်သင်ကြားပေးရာတွင် ကံ,ကံ၏အကျိုးကို ကောင်းစွာနားလည်စေရန် “မှန်ကန်စွာ သိမြင်ခြင်း (သမ္မာဒိဌိမဂ္ဂင်)”ကို ဦးစွာသင်ကြားပေးသည်။ ရာပေါင်းများစွာသော လုပ်ငန်းစဥ်များ ရေးဆွဲ၍ လူငယ်နှင့် ပတ်ဝန်းကျင်တွင် ကိုယ်ကျင့်သီလကောင်းမွန်စေရန်, ကံ ကံ၏အကျိုးတရားတို့ကို ကောင်းစွာနားလည်စေရန် အဓိကထား သင်ကြားပေးသည်။ မှန်စွာသိမြင်ခြင်း(သမ္မာဒိဌိမဂ္ဂင်)ကို သင်ကြားပေးခြင်းသည် လူသားတို့အား ကိုယ်ပိုင်စိတ်ငြိမ်းအေးမှုကို ရှာဖွေတတ်စေရန်, အချိန်မှန် တရားအားထုတ်တတ်သော အလေ့အကျင့် ရရှိစေရန်နှင့် မှန်ကန်စွာ ကျင့်ကြံနေထိုင်တတ်စေရန် လေ့ကျင့်သင်ကြားပေးလိုက်ခြင်း ဖြစ်သည်။ တရားအားထုတ်၍ ရရှိလာသော စိတ်ကြည်လင်မှုစွမ်းအားကို မိမိ၏ ဘေးပတ်ဝန်းကျင်မှစ၍ ကမ္ဘာပေါ်ရှိ လူပေါင်း သန်းထောင်ချီဆီသို့ ဖြန့်ဝေနိုင်သည်။ တရားထိုင်ခြင်းသည် မိမိမှစ၍ အခြားသူများ၊ ထိုမှတစ်ဆင့် ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းမှုရရှိစေခြင်း၏ အဓိကသော့ချက်ဖြစ်သည်။ ဆရာတော်ဓမ္မဇယောသည် “ကမ္ဘာလောကကြီး ငြိမ်းချမ်းဖို့အတွက်ဆိုရင် အတွင်းစိတ်ငြိမ်းချမ်းခြင်းကနေ စတင်ရတယ်” ဟု မကြာခဏ မိန့်တော်မူသည်။ (အတွင်းစိတ်ငြိမ်းချမ်းခြင်းမှ ကမ္ဘာမြေငြိမ်းချမ်းခြင်းဆီသို့)

လူသားတွေရဲ့ စိတ်နှလုံး အေးချမ်းတည်ငြိမ်ခြင်းကသာ စစ်ပွဲအားလုံးကို ရပ်တန့်နိုင်တယ်။ အဲဒီကနေ အပြင်ဘက်ကမ္ဘာသို့ ကူးစပ်ပြီး စစ်မှန်ငြိမ်းချမ်းတဲ့ ကမ္ဘာမြေကြီး ဖြစ်လာပါလိမ့်မယ်။

                                                                                                      ဆရာတော်ဓမ္မဇယော (ဇန်နဝါရီ ၂၈, ၂၀၀၆)

 

ဆရာတော်ဓမ္မဇယောသည် ရဟန်းဘောင်ဝင်လာသည့် ပထမနေ့မှစ၍ သူ၏သဘောဆန္ဒအတိုင်း ကိုယ်တိုင်ပါရမီကုသိုလ်တိုးပွါးစေရန် တရားထိုင်ခြင်းကို ကြိုးစားလုပ်ဆောင်ခဲ့သည်။  လူပုဂ္ဂိုလ်တို့ကိုလည်း လက်ရှိပစ္စုပ္ပန်ဘဝ ပျော်ရွှင်ကြောင်းနှင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ဖြစ်သော တရားအားထုတ်ခြင်းကို လေ့လာသင်ယူရန် ဖိတ်ခေါ်ခဲ့သည်။

ပေးကမ်းစွန့်ကြဲတတ်သော နှလုံးသားနှင့် လူသားတို့အပေါ် ကြင်နာသနားတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားသည့် ဆရာတော်ဓမ္မဇယောသည် သူ၏ဘဝကို တရားဓမ္မများ သင်ယူပို့ချခြင်းတွင် မြှုပ်နှံထားသည်။ တပည့်သာဝကအားလုံးကို သားသမီးအရင်းကဲ့သို့ ချစ်ခင်သောကြောင့် ဖခင်တစ်ယောက်၏ သားသမီးများအပေါ် ချစ်ခင်ကြင်နာမှုမျိုးကို ဆရာတော်ဓမ္မဇယောထံတွင် တွေ့နိုင်သည်။ များစွာသော လူတို့သည် ကောင်းမှုကုသိုလ်များ ပြုလုပ်ရာတွင် ဆရာတော်ဓမ္မဇယော၏ နည်းလမ်းနောက်လိုက်ပြီး နမူနာယူကြသည်။ ထို့ကြောင့် ဆရာတော်ဓမ္မဇယောသည် ကောင်းမှုကုသိုလ်များ စုဆောင်းခြင်းနှင့် မဆုတ်မနစ်သော အကျင့်ကောင်းများ ရှိခြင်းတို့တွင် ကျွန်ုပ်တို့အားလုံး စံနမူနာထားသင့်သည့် ခေါင်းဆောင် တစ်ဦးဖြစ်သည်။

ထို့ကြောင့် နှစ်စဉ် ဩဂုတ်လ ၂၇ ရက်နေ့တွင် စစ်မှန်သော ပျော်ရွှင်မှုကို ရှာဖွေရန် လမ်းပြပေးခြင်း၌ သူ၏ ဘဝကို မြှုပ်နှံထားသော ဆရာတော်ဓမ္မဇယော၏ကျေးဇူးကို လေးစားဂုဏ်ပြုရန် ဓမ္မကာယတကာ,တကာမများနှင့် ကမ္ဘာအနှံ့မှာရှိသော ဓမ္မကာယကျောင်းခွဲများသည် “တရားထိုင်ခြင်းနှင့် မေတ္တာပို့ခြင်း” အစရှိသော ကောင်းမှုကုသိုလ်များကို စုပေါင်းပြုလုပ်ကြသည်။ ထို့အပြင် ထိုလုပ်ဆောင်ချက်များမှတဆင့် ဗုဒ္ဓအဆုံးအမများကို လက်တွေ့ကျင့်သုံးခြင်းဖြင့်လည်း ဗုဒ္ဓမြတ်စွာဘုရားကို ကျေးဇူးဆပ်ပူဇော်ကြပါသည်။

ဓမ္မပန်းတိုင်နေ့ ဆောင်ရွတ်မှုများ

ဓမ္မကာယကျောင်းတိုက်မှ ကျင်းပသော ဓမ္မပန်းတိုင်နေ့ (သြဂုတ်လ ၂၇, ၂၀၂၁) ZOOM online အခမ်းအနားတွင် ပြည်တွင်း, ပြည်ပမှ ရဟန်းသံဃာတော် အပါး တစ်သောင်းကျော်ကို ပင့်ဖိတ်၍ ပရိတ်တရားတော်ရွတ်ဖတ်ခြင်း, တရားထိုင်ခြင်း, ကမ္ဘာမြေငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သခြင်းတို့ကို စုပေါင်းပြုလုပ်ကြပါမည်။ ကမ္ဘာတစ်လွှားမှ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသော သူများကိုလည်း “ကမ္ဘာမြေတစ်ခုလုံးဆီသို့ ကောင်းခြင်းသုခအဖြာြဖာ လွှမ်းပျံ့စေရန် ဆီမီးပူဇော်ခြင်း, တရားထိုင်ခြင်း ဤအခမ်အနား” သို့ ပါဝင်တက်‌ရောက်ကြမည် ဖြစ်သည်။

အခမ်းအနားသို့ ZOOM online ဖြင့် တက်ရောက်လာကြသော ကမ္ဘာ့နေရာဒေသအသီးသီးမှ ဓမ္မမိတ်ဆွေ အားလုံးတို့၏ ပုံရိပ်များကို မဟာဓမ္မကာယစေတီရင်ပြင်တွင် LED မီးဆိုင်းဘုတ် အကြီးကြီးပေါ်တွင် တင်ပြထားမည် ဖြစ်သောကြောင့် ဓမ္မမိတ်ဆွေတို့သည် ဓမ္မကာယစေတီရင်ပြင်ကို ကိုယ်တိုင်လာရောက်၍ အားလုံးစုပေါင်း ဆီးမီးပူဇော်ရသကဲ့သို့ ဖြစ်ပါသည်။

တရားထိုင်ပြီး၍ စိတ်စင်ကြယ်သည့်အခါ ထိုစင်ကြယ်သော စိတ်စွမ်းအင်ဖြင့် မိမိတို့ ချစ်ခင်ရသောသူ, မိဘ, မောင်နှမ, သူငယ်ချင်း, ဆွေမျိုးများနှင့် သက်ရှိသတ္တဝါအားလုံးဆီသို့ မေတ္တာဓာတ်များ ဖြန့်ဝေခြင်းဖြင့် ကမ္ဘာမြေကို ငြိမ်းချမ်းစေမည်။

 

အွန်လိုင်းဆီမီးပူဇော်ခြင်းအခမ်းအနား

ဓမ္မပန်းတိုင်နေ့

သောကြာနေ့, သြဂုတ်လ ၂၇ , ၂၀၂၁

ဓမ္မကာယကျောင်းတိုက်, ထိုင်းနိုင်ငံ

 

အခမ်းအနားအစီအစဥ် (ထိုင်းစံတော်ချိန်)

9:30-11:00 a.m.   နံနက်ပိုင်း ဘုရားရှိခိုးခြင်းနှင့်, တရာထိုင်ခြင်းအခမ်းအနား

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

7:00 p.m.   ဆရာတော်ဘုရားကြီး အခမ်းအနားကျင်းပရာ ဌာနသို့ ရောက်ရှိ၍

                  ရတနာသုံးပါး အား ရှိခိုးကန်တော့ခြင်း

                  ဆီမီးထွန်းညှိပူဇော်ခြင်း

7:10 p.m.   ZOOM ဖြင့် တက်ရောက်လာကြသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ

                 ပရိတ်ရွတ်ခြင်း

7:45 p.m.  တရားထိုင်ခြင်း

8:00 p.m.  အဓိဌာန်ပြုဆုတောင်းခြင်, မေတ္တာပို့ခြင်း

                သံဃာတော်အရှင်မြတ်တို့အား ကျေးဇူးတင်စကား ပြောကြားခြင်း။

8:10 p.m.  ဓမ္မစကြာရွတ်ဖတ်ခြင်း၊ အကြိမ်ရေ – 3,640,535,353

9:00 p.m.  အခမ်းအနားပြီးခြင်း။