ကမ္ဘာမြေနေ့

ကမ္ဘာမြေကြီးသန့်ရှင်းဖို့ စိတ်ကို သန့်စင်ကြစို့။

ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာမြေကြီးကို ကာကွယ်စောင့်ရှောက်ရန်ကမ္ဘာမြေကြီး ငြိမ်းချမ်းရန်အတွက်

တရားထိုင်ခြင်းနှင့် ဖယောင်းတိုင်မီးပူဇော်ခြင်း အခမ်းအနားသို့

zoom application မှတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များနှင့်အတူ ပူပေါင်းပါဝင်ကြပါစို့။

ဧပရယ်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ် (ကြာသပတေးနေ့)

ယနေ့ခေတ်ကြီးတွင် လူသားတို့သည် ရေမသန့်ခြင်း (water pollution) ၊ လေမသန့်ခြင်း (air pollution) ၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း အစရှိ‌သော သဘာဝပတ်ဝန်းကျင်အန္တာရာယ်နှင့် ရင်ဆိုင်နေကြရသည်။ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းတို့သည် မမျှော်လင့်ထားသော ဆိုးကျိုးများ ဖြစ်ကြသည်။ စိုက်ပျိုးရေးဖန်လုံအိမ်များဖြင့် စိုက်ပျိုးမှုများကြောင့် (ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့်) အိုဇုံးအလွှာများ ပါးလာကာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လူသားတို့သည် ကမ္ဘာမြေကြီးကိုကာကွယ်ရန် ကမ္ဘာမြေကြီးအတွက် ရေနံနှင့်ဓာတ်ဆီအစား အန္တရာယ်ကင်းသော စွမ်းအင်အစားထိုးအသုံးပြုခြင်း နည်းလမ်းများကို ရှာဖွေနေကြရသည်။

ကမ္ဘာမြေနေ့သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေးအတွက် အလွန်အရေးကြီးသော နေ့ဖြစ်သည်။ ကမ္ဘာမြေနေ့ကို နှစ်စဥ် ဧပရယ် ၂၂ ရက်တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ ကျင်းပကြသည်။ ၁၉၇၀ခုနှစ်၊ ဧပရယ်လ ၂၂ ရက်နေ့မှ စတင်ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ ထိုနေ့တွင် လူသားတို့သည် ကမ္ဘာမြေကြီးကို မည်သို့ကာကွယ်စောင့်ရှောက်ကြရမည်၊ သဘာဝပတ်ဝန်းကျင်မှပေးသော အကျိုးတရားများနှင့် သဘာဝပတ်ဝန်းကျင်၏ အရေးပါမှုတို့ကို ပြန်လည်သုံးသပ်ခဲ့ကြသည်။

ကမ္ဘာတစ်ဝှမ်းသို့ ကိုရိုနာဗိုင်းရပ် (ကိုဗစ်-၁၉) ကပ်ရောဂါသည် ၂၀၂၀ ခုနှစ်တွင် ပြန့်ပွါးကူးစက်ခဲ့ရာ လူဦးရေ သန်းတစ်ရာကျော် ရောဂါကူးစပ်ခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသူဦးရေမှာ သန်းနှင့်ချီ ရှိခဲ့ပြီးဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် လူသားများနှင့် ကမ္ဘာမြေကြီး မည်မျှခုခံနိုင်စွမ်းရှိသည်ကို အံသြတုန်လှုပ်ရလောက်အောင် အသိပေးလိုက်ခြင်းဖြစ်သည်။ ဆိုးရွားလှသော ပျက်စီးမှုကို ကမ္ဘာမြေကြီးက ရင်ဆိုင်နေရသည်။

ထို့အပြင် အမေရိကန်ဆီးနှိပ်လွှတ်တော် မစ္စတာအန်တိုနီယိုဂတ်တားရပ်မှ ကိုဗစ်-၁၉သည် လူမှုစီပွါးရေးအပေါ် အကျိုးသက်ရောက်မှုအကြောင်းကို “ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ခိုင်းမြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီချက်ကို ပြည့်မီရန် ဒီစိန်ခေါ်မှုကို ကောင်းကောင်းရင်ဆိုင်လာနိုင်ရတယ်” ဟူ၍ ပြောကြားခဲ့သည်။

လူထုအဖွဲ့အစည်းများသည် ကမ္ဘာတစ်လွှားရှိ စာသင်ကျောင်းများနှင့် ပန်းခြံများအပါအဝင် နေရာအနှံ့တွင် ထောင်ပေါင်းများစွာသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။ ကမ္ဘာမြေနေ့၌ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာမြေစိမ်းလန်းစိုပြေရန်  လူသားအားလုံးတို့တွင် တာဝန်ရှိကြောင်း, ကမ္ဘာမြေပတ်ဝန်းကျင်ကို လူးသားအားလုံး ပေါင်းစုကာ ထိန်းသိမ်းကြရန် လိုအပ်ကြောင်းတို့ကို စည်းရုံးဟောပြောကြသည်။ ဟောပြောမှုများ၊ ဆောင်ရွက်မှုများသည် ကျွန်ုပ်တို့ ချစ်မြတ်နိုးရသော ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးအား မည်မျှအကျိုးသက်ရောက်သည်ကို ဆန်းစစ်ကြရမည်။ ကျွန်ုပ်တို့ ချစ်မြတ်နိုးရသော ကမ္ဘာမြေကြီးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပိုမိုလုပ်ဆောင်သွားရန် လိုအပ်သည်။

သဘာဝဘေးအန္တရာယ်များနှင့် လူသားတို့၏ လုပ်ရပ်များကြောင့် ကမ္ဘာမြေကြီး၏ အခြေအနေ နေ့စဥ်ပြောင်းလဲနေခြင်း

၁။ ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ မုန်းတိုင်းတိုက်ခြင်းတို့သည် သဘာဝ‌အလျောက် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များဖြစ်သည်။ ယင်းတို့သည် ကမ္ဘာမြေကြီး၏ ပုံသဏ္ဌာန်ကို ပြောင်းလဲစေသော အဓိကအကြောင်းအရင်းများ ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာမြေကြီးသည် သဘာဝတရားမှ ဖန်းတီးပေးထားသော အရာတစ်ခုဖြစ်သည်။ ကမ္ဘာမြေကြီးကို ပြောင်းလဲစေသော ထိုသဘာဝဘေးအန္တရာယ်တို့ကို ထိန်းချုပ်ရန်, ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူလှပေ။

၂။ လူသားတို့သည် ကမ္ဘာမြေကြီးပျက်စီးကြောင်းဖြစ်သော သစ်တောခုတ်ခြင်း၊ နယူကလီးယားထုတ်လုပ်ခြင်း၊ လေထု, ရေထု ညစ်နွမ်းစေခြင်း၊ သဘာဝစွမ်းအင်များ အလွန်အကျွံသုံးစွဲခြင်း အစရှိသော လုပ်ရပ်များကို ထိန်းချုပ်နိုင်သည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးမှု၏ အဓိကအကြောင်းအရင်းမှာ လူသားများဖြစ်သောကြောင့် လူသားတို့၏ စိတ်သဘောထားနှင့် အမူအကျင့်များကို ပြောင်းလဲရန် လိုအပ်သည်။

လူသားတို့ကြောင့် ကမ္ဘာ့မြေကြီးသည် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းတွင် လူသားတို့သည် တိုက်ရိုက်အားဖြင့်လည်းကောင်း, သွယ်ဝိုက်သော အားဖြင့်လည်းကောင်း အဓိကပါဝင်နေသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ကမ္ဘာမြေကြီးအား ပျက်စီးထိခိုက်စေသော အပြုအမူများကို ပြောင်းလဲရန် လိုအပ်သည်။ တကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်းတို့ကြောင့် မလုပ်သင့်သည်ကို လုပ်မိတတ်ကြသည်။ ထိုအကျင့်များသည် အတွေးမှားများနှင့် မကောင်းသော စိတ်သဘောအဖြစ်သို့ ပြောင်းလဲသွားစေသည်။

လူသားတို့၏ စိတ်သဘောထားသည် ကမ္ဘာမြေကြီးအား အကျိုးသက်ရောက်ခြင်း

သက်ရှိ, သက်မဲ့တို့ မှီတင်းနေထိုင်ရာ ဤကမ္ဘာ့မြေကြီးကို တစ်ကိုယ်ကောင်းဆန်သော၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်သော၊ “ဘယ်သူသေသေ ငတေမာပြီးရော” စိတ်ဓာတ်တို့ကြောင့် (ကမ္ဘာမြေကြီးကို) ထိခိုက်ပျက်စီးနိုင်သည်ကို စဥ်းစားကြည့်ပါ။

ထို့အပြင် လူ့အဖွဲ့အစည်းတွင် တကိုယ်ကောင်းဆန်သော, ပတ်ဝန်းကျင်ကို အလေးမထား, ဂရုမပြုသော ပုဂ္ဂိုလ်များ_များပြားလာလျှင် ဤကမ္ဘာမြေကြီးအတွက် မကောင်းသော အကျိုးဆက်များကို ဖြစ်ပေါ်လာပေလိမ့်မည်။ အချိန်နှောင်းသွားပါက ပြုပြင်, ပြင်ဆင်ရန် ခက်ခဲပါလိမ့်မည်။

စိတ်ဒုက္ခရောက်ရခြင်း (စိတ်ဆင်းရဲခြင်း) သည် မကောင်းသော စိတ်သဘောထားကို ဖြစ်လာစေသည်။ စိတ်ဆင်းရဲ,ဒုက္ခရောက်နေရသော သူတို့၏စိတ်သည် ကြည်လင်နိုင်မှု မရှိနိုင်ပေ။ ထိုအခါ ထိုသူတို့၏ စကားလုံးများနှင့် အပြုအမူများသည် ကြမ်းတမ်းသော အပြုအမူ, ရိုင်းစိုင်းသော ဒေါသစကားများဖြစ်လာကာ ပတ်ဝန်းကျင်ကို ထိခိုက်လာပါလိမ့်မည်။ ဥပမာအားဖြင့် ပင်လယ်ထဲကို အမှိုက်စွန့်ပြစ်ခြင်းသည် မြစ်ရေ,ချောင်းရေများ မသန့်ရှင်းခြင်းကို ဖြစ်လာစေမည်။ နောက်ဆုံးတွင် လူသားများအား တိုက်ရိုက်လည်းကောင်း, သွယ်ဝိုက်၍လည်းကောင်း ထိခိုက်လာမည်။ ဤလုပ်ရပ်သည် မှားယွင်းနေသည်ဟု သိသူတို့ပင် သူတို့၏ အမူအကျင့်နှင့် အလေ့အထတို့ကြောင့်၊ ပတ်ဝန်းကျင်နှင့် တပါးသူတို့အား အလေးမထားသော စိတ်ဓာတ် (ယုတ်ညံ့သော သဘောထား) တို့ကြောင့် ဆက်လက် လုပ်နေကြဆဲ ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ပတ်ဝန်းကျင်ကို ဂရုစိုက်သောသူများ၏ စိတ်သည် ကြည်လင်သန့်ရှင်း ဖြူစင်သောကြောင့် ပျော်ရွှင်နေကြသည်။ ထိုသူတို့၏ အတွေးများ, စကားများ, အပြုအမူများသည် အကောင်းဘက်သို့ ဦးတည်နေမည်။ ပတ်ဝန်ကျင်အားလည်း သဘာဝပတ်ဝန်းကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် တိုက်တွန်းပါလိမ့်မည်။

မြတ်ဗုဒ္ဓသည် ဖြူစင်သန့်ရှင်း, တောက်ပကြည်လင်သော စိတ်ကို ရေဖြင့် ဥပမာပေးတော်မူခဲ့သည်။ အနည်,အမှုံတို့ဖြင့် ပြည့်နေသော ရေသည် ကြည်လင်မှုမရှိပေ။ အနည်,အမှုံများ မရှိမှသာ (အနည်သိမ်သွားမှသာ) ကြည်ကြည်လင်လင် မြင်ရနိုင်သည်။ ထို့အတူ ကြည်လင်သောစိတ်သည်သာ အကြံကောင်းများပေါ်လာကာ ဖြစ်ပေါ်လာ‌သော အခြေအနေများကို ကောင်းစွာကိုင်တွယ်နိုင်ပါမည်။ စိတ်ကြည်မှသာ စိန်ခေါ်မှုများနှင့် ကြုံတွေ့လာသည့်အခါ ပြဿနာ၏အရင်းခံကို ရှာဖွေနိုင်၍ အသိဉာဏ်ကို ကောင်းစွာအသုံးချနိုင်ပါလိမ့်မည်။ သေးသေး, ကြီးကြီးပြဿနာများ၊ ကိုယ်ရေးကိုယ်တာ၊ နိုင်ငံတော်ဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများထိတိုင်အောင် ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မည်။

စိတ်ကို သန့်ရှင်းခြင်းဖြင့် စိတ်သဘောထားကောင်းသူတစ်ဦး ဖြစ်လာစေခြင်း

စိတ်သဘောထား ကောင်းမွန်တိုးတက်စေရန် တရားထိုင်ခြင်းကို နေ့စဥ်ပြုလုပ်နိုင်သည်။ တရားအားထိုင်ခြင်းသည် စိတ်ကို ဖြူစင်, သန့်ရှင်း, တောက်ပစေသည်။ တရားထိုင်ခြင်းဆိုသည်မှာ မျက်လုံးကို ညင်သာစွာပိတ်၍ စိတ်ထဲတွင်ရှိသော အကြောင်းအရာများကို တခဏတာ မေ့ဖျောက်ထားခြင်း ဖြစ်သည်။ စိတ်ထဲတွင်ရှိသော အတွေးများအားလုံးကို ရှင်းထုတ်ကာ ဝင်လေ, ထွက်လေကို အကြိမ်ကြိမ် မှတ်ယူခြင်း ဖြစ်သည်။ အသက်ရှုခြင်း၏ နောက်ဆုံးနေရာသည် ခန္ဓာကိုယ်၏ အလယ်တည့်တည့်တွင် တည်ရှိနေသည်ကို သိရှိလာပါလိမ့်မည်။ (ခန္ဓာကိုယ်အလယ်မှတ်, တနည်း ဝမ်းဗိုက်အလယ်မှတ်, ချက်_အထက် လက်နှစ်တစ်ခန့်အကွာတွင် တည်ရှိသည်။) ထိုအမှတ်သည် တရားရှုမှတ်ခြင်း အထွဋ်အထိတ်မှတ် ဖြစ်သည်။ စိတ်၏ငြိမ်းချမ်းခြင်း စတင်ရာအမှတ်လည်း ဖြစ်သည်။

လူသားအားလုံးတွင် ခန္ဓာကိုယ်အလယ်မှတ်သည် အဓိကဖြစ်သည်။ ထိုဝမ်းဗိုက်အလယ်မှတ်တွင် နေဝန်း (သို့) လဝန်းကဲ့သို့ လုံးဝန်းသော, ကြည်လင်သော, တောက်ပသော ကသိုဏ်းဖန်လုံးတစ်လုံးသည် တောက်ပစွာ ရှိနေသည်ဟု ပုံဖော်ကြည့်ပါ။ ထိုကဲ့သို့ ပုံဖော်ကြည့်သော်လည်း အတွေးအားရုံများကို မရပ်တန့်နိုင်ဘဲ ရှိနေနိုင်သေး၏။ ကျေးဇူပြု၍ စိတ်ကိုဖြေလျှော့ကာ ညင်ညင်သာသာ မန္တာန်ကို ရွတ်ဖတ်ပူဇော်ပါ။ မန္တာန်ရွတ်ဖတ်သံသည် ခန္ဓာကိုယ်အလယ်မှတ် (ခေါ်) ဝမ်းဗိုက်အလယ်မှတ်၌ မှန်းယူပုံဖော်ထားသော ကသိုဏ်းဖန်လုံး၏ အလယ်တည့်တည့်မှ ထွက်ပေါ်လာသည်ဟု မှတ်ယူပါ။

မန္တာန်ရွတ်ဖတ်ခြင်းဆိုသည်မှာ “သမ္မာ အရဟံ” “သမ္မာ အရဟံ” ဟု ညင်ညင်သာသာ ထပ်ဖန်တလဲလဲ စိတ်ထဲတွင် ရွတ်ဖတ်ပူဇော်ခြင်းဖြစ်သည်။ စိုးရိမ်ပူပန်ခြင်းများ၊ အတွေးအာရုံများ မရှိတော့သည်အထိ ရွတ်ဖတ်ပါ။ ထို့နောက် တောက်ပ‌သော အတွင်းစိတ် ငြိမ်သက်အေးချမ်းခြင်းကို စတင်ခံစားရပါလိမ့်မည်။

ယခုတရားထိုင်သည့် နည်းလမ်းမှာ အခြေခံတရားအားထုတ်သူတို့အတွက် ဖြစ်ပါသည်။ ထိုနည်းအတိုင်း ခန္တာကိုယ်အလယ်မှတ်တွင် ကြည်လင်သော, တောက်ပသော ကသိုဏ်းဖန်လုံးကို ပုံဖော်ယူ၍ မန္တာန်ကို အကြိမ်ကြိမ်ရွတ်ဖတ်ခြင်းကို စိတ်ကလေး တည်ငြိမ်လာသည်အထိ ဆက်လက်ပြုလုပ်ပါ။

ထိုအခိုက်အတန့်ကာလ၌ ငြိမ်းအေးခြင်းကို ရရှိပါလိမ့်မည်။ ကိုယ်,စိတ် နှစ်ပါး၏ တဖြည်းဖြည်း ပြောင်းလဲလာခြင်းကို အံ့သြစွာ တွေ့ရှိရပါလိမ့်မည်။

ထို့အပြင် ကိုယ်,စိတ် နှစ်ပါး၏ တိုးတက်ပြောင်းလဲမှုကို တဖြည်းဖြည်း သိရှိလာမည်။ တစ်ရက်၊ နှစ်ရက် တရားအားထုတ်၍ ငြိမ်းအေးခြင်းရလာဒ်ကို မရရှိသေးလျှင် စိတ်မပျက်လိုက်ပါနှင့်။ ဆက်လက်အားထုတ်ပါ။ အစားစားနေစဥ်၊ ရေချိုးနေစဥ် အချိန်တိုင်းတွင် ဆက်လက်အားထုတ်ပါ။ သစ်ပင်စိုက်သကဲ့သို့မျိုး ဇွဲ,လုံ့လစိုက်ထုတ်ကာ ရှုမှတ်ပါ။ သစ်ပင်စိုက်သည့်အခါ မျိုးစေ့မှ သစ်ပင်ငယ်အဖြစ်၊ ထို့သစ်ပင်ငယ်မှ သစ်ပင်ကြီးဖြစ်အောင် တဖြည်းဖြည်း စိုက်ပျိုးယူရသည်။ ထို့အတူပင် တရားအားထုတ်ရာတွင် အချိန်ယူ၍ အားထုတ်ရမည်။ သစ်ပင်ကို တစ်နေ့လျှင် စင်တီမီတာ မည်မျှရှည်လာသည်ဟု နေ့စဥ်မတိုင်းယူပါ။ ထို့အတူ တရားအားထုတ်ရာတွင်လည်း မတိုင်းတာပါနှင့်။

ကိုယ်တွင်းငြိမ်းချမ်းခြင်းမှ အပြင်ဘက် ငြိမ်းချမ်းခြင်းဆီသို့

တရားထိုင်စတွင် ရှိနေသော အတွေးအာရုံများသည် နောက်ဆုံးတွင် အာရုံတစ်ခုတည်းသာ ကျန်ရှိနေပါလိမ့်မည်။ ထိုကျန်ရှိနေသောအာရုံမှာ ခန္ဓာကိုယ်အလယ်မှတ်တွင်ရှိသော တောက်ပလင်းလက်နေသော ကသိုဏ်းဖန်လုံးလေးကို ခံစားသိရှိသော အာရုံတစ်ခုသာ ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ပျော်ရွှင်ခြင်းနှင့် ငြိမ်းသက်အေးချမ်းခြင်းကို ခံစားသိရှိလာပါမည်။ ကိုယ်တွင်းမှ ကိုယ်တိုင်သိရှိလာသော ပျော်ရွှင်ခြင်းသည် စစ်မှန်သော ပျော်ရွှင်ခြင်းဖြစ်သည်။ လူမျိုး၊ ဘာသာ၊ ကိုးကွယ်မှု ခွဲခြားထားမှု မရှိပေ။ အားထုတ်သူ မည်သူမဆို ရရှိနိုင်သော စစ်မှန်သောပျော်ရွှင်ခြင်း ဖြစ်သည်။ ကိုယ်တိုင် ရှာဖွေ အားထုတ်ယူရသော အများပိုင်ပျော်ရွှင်ခြင်း ဖြစ်ပါသည်။

အပြင်ပိုင်းတွင် ရှာဖွေ၍ မတွေ့နိုင်သော ပျော်ရွှင်ခြင်းမျိုး ဖြစ်သည်။ ကိုယ်,စိတ်နှစ်ပါး ပျော်ရွှင်ငြိမ်းအေးခြင်းကို ရှာဖွေ့တွေ့ရှိရန် လူသားအားလုံးအတွက် အဓိကကျလှသည်။ ဤတရားအားထုတ်နည်းသည် အတွင်းစိတ် ငြိမ်းအေးခြင်းကို ရရှိရန် အရေးကြီးသော အားထုတ်နည်းဖြစ်သည်။ တရားထိုင်းခြင်းကို စတင်လိုက်သည်နှင့် စိတ်ကို မည်သို့ထိန်းချုပ်ရမည်ကို သိရှိရန် လိုအပ်သည်။ တရားထိုင်ခြင်းဖြင့် သင်၏ ကိုယ်, နှုတ်, စိတ် သုံးပါးသည် ကောင်းမွန်သော အတွေးအကြံ၊ အပြောအဆို၊ အပြုအမူများအဖြစ်သို့ ပြောင်းလဲလာလိမ့်မည်။ ထို့အပြင် တပါးသူတို့၏ အတွေးအာရုံကိုလည်း နားလည်လာမည်။ လိုချင်တောင့်တမှု (အလိုဆန္ဒ) များကို မည်သို့ ထိန်းချုပ်ရမည်ကိုလည်း သိရှိလာပါလိမ့်မည်။

နောက်ဆုံးတွင် အမှားနှင့် အမှန်, ကောင်းမှုနှင့် မကောင်းမှုကို ခွဲခြားနားလည်လာမည်။ အကယ်၍ သင်၏မိသားစု၊ လူမှုအသိုင်းအဝန်းနှင့် ကမ္ဘာ့နေရာအနှံ့မှ လူသားအားလုံးသည် ထိုနည်းအတိုင်း တရားထိုင်ကြမည်ဆိုလျှင် စစ်မှန်သော အတွင်းစိတ်အေးချမ်းခြင်း, ပျော်ရွှင်ခြင်းကို ရရှိပါလိမ့်မည်။ အတွင်းစိတ်အေးချမ်းခြင်းသည် အပြင်ပိုင်း ငြိမ်းချမ်းခြင်းကို ဖြစ်စေသည်။ စစ်ပွဲများ၊ လက်နက်များမှ သန့်ရှင်းသော, စစ်မှန်သော ငြိမ်းချမ်းခြင်းကို လုံးဝ မရရှိနိုင်ပါ။

စိတ်ကို သန့်စင်ခြင်းဖြင့် ကမ္ဘာမြေကြီးကို သန့်ရှင်းခြင်း

တရားအားထုတ်နည်းကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ တရားအားထုတ်ခြင်း, တရားထိုင်ခြင်းသည် လူ့အသိုင်းအဝန်းတွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နည်းလမ်းဖြစ်သည်။ ဆရာတော် ဓမ္မဇယောဘိက္ခု၏ ကြီးမြတ်လှသော_ဆန္ဒမှာ လူသားတို့ ငြိမ်းအေးခြင်းအစစ်ကို ရရှိ, သိရှိကြဖို့ရန် အလယ်အလတ်တရားကျင့်စဥ်ကို ကမ္ဘာတစ်လွှားသို့ ပြန့်ပွါးစေလိုခြင်း ဖြစ်သည်။ တရားထိုင်ခြင်းပညာသည် စိတ်ကူးယဥ်, တွေးဆ၍ တွက်ချက်နေရမည့်အရာ မဟုတ်ပါ။ လက်တွေ့ကျင့်ကြံရန် ကျင့်ကြံအားထုတ်ရမည့် အရာသာ ဖြစ်သည်။ ကျင့်ကြံအားထုတ်သူသည် ငြိမ်းအေးခြင်းအစစ်ကို ရရှိမည်မှာ မုချဖြစ်သည်။ တကယ်ကျင့်လျှင် တကယ်ရမည်။

လူသားတို့၏ စိတ်သည် စွမ်းအင်ကြီးမားသည်။ စိတ်ကို လောဘ၊ ‌ဒေါသ၊ မောဟတို့ဖြင့် ပုံဖော်ပါက တစ်ဦးနှင့်တစ်ဦး ယှဥ်ပြိုင်ခြင်း၊ တကိုယ်ကောင်းဆန်, အမြတ်ထုတ်ခြင်းတို့ကြောင့် ခိုက်ရန်ဖြစ်ပွါးကြရမည်။ လူသားတို့၏သမိုင်းတွင် ခေတ်အဆက်ဆက် ရန်ပွဲများ, စစ်ပွဲများဖြင့် ပြည့်နေခဲ့သည်။ ကမ္ဘာကြီးကို ပျက်စီးဆုတ်ယုတ်စေသော စစ်ပွဲများ၏ အကြောင်းအရင်း အမှန်မှာ အဘယ်နည်း။ အမှန်မှာ လူသားတို့စိတ်သည် ကမ္ဘာကြီးငြိမ်းချမ်းဖို့ရန် မရှိမဖြစ်လိုအပ်သော စိတ်ကြည်လင်ခြင်း, စိတ်အေးချမ်းခြင်း မရှိကြသောကြောင့် ဖြစ်သည်။ ဆရာတော် ဓမ္မဇယောဘိက္ခု မိန့်ကြားတော်မူခဲ့ဖူးသည်မှာ

ငြိမ်းချမ်းခြင်းနဲ့ စစ်ပွဲတွေရဲ့ အဓိကစတင်ရာက လူသားတို့ရဲ့ “စိတ်” ဖြစ်တယ်။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်တို့ကြောင့် မပြီးဆုံးနိုင်တဲ့ ရန်ပွဲတွေ ဖြစ်ပေါ်လာတယ်။ လူ့စိတ်မှာ တောက်လောင်နေတဲ့ လောဘမီး, ဒေါသမီး, မောဟမီးတွေက သေနတ်ပြောင်းဝဆီကို ရောက်သွားပြီး ကမ္ဘာတစ်လွှားမှာ စစ်ပွဲတွေ, ရန်ပွဲတွေ ဖြစ်နေကြရတယ်။

မြို့ပြကြီးတစ်ခုလုံးကို ပြာကျသွားဖို့အတွက် မီးတောက်သေးသေးလေးကနေ စတင်ရတယ်။ အဲဒီလိုပဲ လူ့စိတ်ကလေး အေးချမ်းနေရင် သတိတရား အားကောင်းလာမယ်။ စဥ်းစားချင့်ချိန်မှု ရှိလာမယ်။ ပျော်ရွှင်ငြိမ်းချမ်းမှုကို ရရှိလာမယ်။ ငြိမ်းချမ်းခြင်းဆိုတာက မိသားစုတွေ၊ လူမှုအသိုင်းအဝန်းတွေ၊ နိုင်ငံတွေကနေ ကမ္ဘာကြီးတစ်ခုလုံးအတွက် ဖြစ်လာမယ်။ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်ချမ်းမှုရရှိဖို့က တစ်ယောက်ချင်းစီရဲ့ စိတ်ကလေးတွေက ငြိမ်းချမ်းခြင်းကနေ အစပြုတယ်။ ကမ္ဘာ့စစ်ပွဲတွေ (သို့) ကမ္ဘာ့ငြိမ်းချမ်းရေးတွေဆိုတာက လူ့စိတ် ငြိမ်းချမ်းခြင်း, မငြိမ်းချမ်းခြင်းကနေ စတင်တယ်။ ဒါကြောင့်မလို့ လူ့စိတ်ကသာ အဓိကဖြစ်တယ်လို့ ဆိုလိုတာ။

ဓမ္မကာယကျောင်းတိုက်တွင် ကျင်းပသော ကမ္ဘာမြေနေ့ အခမ်းအနာ

ကမ္ဘာမြေနေ့အခမ်းအနားကို ဓမ္မကာယကျောင်းတိုက်တွင် နှစ်စဥ် ဧပရယ်လ ၂၂ ရက်နေ့တွင် ကျင်းပသည်။ “စစ်မှန်သော ကမ္ဘာမြေငြိမ်းချမ်းရေးသည် အတွင်းစိတ်ငြိမ်းချမ်းခြင်းမှ စတင်သည်” ကို သိရှိကြပြီး ဖြစ်သည်။ ယခုနှစ်တွင်လည်း ဓမ္မကာယကျောင်းတိုက်မှ Zoom application မှ တဆင့် ကမ္ဘာနိုင်ငံအသီးသီးမှ ပါဝင်လာသူအားလုံး အတူတကွ မေတ္တာပို့ခြင်း၊ တရားထိုင်ခြင်း၊ ဆီမီးပူဇော်ခြင်းတို့ကို ပြုလုပ်ကြခြင်းဖြင့် ကမ္ဘာမြေကြီးအား ကာကွယ်စောင့်ရှောက်ခြင်း အခမ်းအနားပွဲကို ဖိတ်ခေါ်ပါသည်။ Zoom online မှ ပါဝင်လာသူအားလုံးတို့၏ ရုပ်ပုံများကို ထိုင်းနိုင်ငံ, ဓမ္မကာယကျောင်းတိုက်, မဟာဓမ္မကာယစေတီတော်ရင်ပြင်တွင် အလွန်ကြီးသော LED_ဖန်ပြင်ပေါ်တွင် တွေ့မြင်ကြရမည် ဖြစ်သည်။

အားလုံးအတူတကွ တရားထိုင်ကြသည့်အခါ စိတ်တည်ငြိမ်,အေးချမ်းခြင်းကို ရရှိကြမည်။ ထိုရရှိလာသော ငြိမ်‌အေးနေသော စိတ်ကလေးဖြင့်, တနည်း_ ဖြူစင်သန့်ရှင်း, တောက်ပကြည်လင်သော စိတ်စွမ်းအင်ဖြင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှ လူပုဂ္ဂိုလ်များ၊ မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများ၊ ဆွေမျိုးများ၊ မိမိချစ်ရသူများနှင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့ထံသို့ မေတ္တာပို့သကြရမည်ဖြစ်သည်။

ကမ္ဘာမြေနေ့
ကမ္ဘာမြေကြီးသန့်ရှင်းဖို့ စိတ်ကို သန့်စင်ကြစို့။
ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာမြေကြီးကို ကာကွယ်စောင့်ရှောက်ရန်, ကမ္ဘာမြေကြီး ငြိမ်းချမ်းရန်အတွက်
တရားထိုင်ခြင်းနှင့် ဖယောင်းတိုင်မီးပူဇော်ခြင်း အခမ်းအနားသို့
zoom application မှတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များနှင့်အတူ ပူပေါင်းပါဝင်ကြပါစို့။
ဧပရယ်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ် (ကြာသပတေးနေ့)

6 : 30 PM   ကမ္ဘာတစ်ဝှမ်းမှ အွန်လိုင်းဖြင့် ပါဝင်လာသူများ မီးထွန်းခြင်း၊ တရားထိုင်ခြင်း၊ မေတ္တာပို့သခြင်း

7 : 10 PM   ပရိတ်ရွတ်ဖတ်ပူဇော်ခြင်း၊ အဓိဋ္ဌာန်ပြုဆုတောင်းခြင်း

7 : 55 PM  – အခမ်းအနား ပြီးဆုံးခြင်း

——————————————

ဓမ္မစကြာ အကြိမ်ရေ 4,300,000,078 ပြည့်အောင် ရွတ်ဖတ်ပူဇော်ခြင်း

Link : zoom072.com/aec/3
– ID : 851 5505 2487
Passcode : 072